တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က
မြေပြိုမှုကြောင့် လူ(၁၅)ဦးထက် မနည်းသေဆုံးပြီး၊ လူ(၈)ဦး ပျောက်ဆုံးနေကာ လူပေါင်း(၂၂)ဦး
ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ ဂွေ့ကျိုးပြည်နယ် အနောက်တောင်ပိုင်း ဖူချင်မြို့ရှိ
တစ်ရွာလုံးနီးပါးဟာ မြေပြိုကျမှုဒဏ်ကို ခံစားခဲ့ရပြီး၊ မြေမပြိုကျခင် တစ်ရက်ကတော့ မိုးများသည်းထန်စွာ
ရွာသွန်းခဲ့ကြောင်း ရှင်ဟွာသတင်း ဌာနက ပြောကြားပါသည်။ ကာကွယ်ရေး အဖွဲ့များဟာ အသက်ရှင်
ကျန်ရစ်သူများကို ရှာဖွေလျက်ရှိကာ ၄င်းရွာမှာ နေထိုင်သူ အများစုဟာ အသက်အရွယ် ကြီးရင့်သူများနဲ့
ကလေးများသာဖြစ်ကာ အလုပ်လုပ် ကိုင်နိုင်တဲ့ အရွယ်များစုက မြို့မှာပြောင်းရွေ့ နေထိုင်နေကြကြောင်း
ရှင်ဟွာသတင်းဌာနက ပြောပါသည်။ မြေပြိုကျမှုကြောင့် အိမ်(၇၇)လုံး ပျက်စီးခဲ့ရပြီး၊ တရုတ်နိုင်ငံ
တောင်ပိုင်းဟာ ငလျင်လှုပ်ခတ် မှုများနဲ့ မြေပြိုကျမှုများ မကြာခဏ ဖြစ်ပွားလျှက်ရှိကာ၊
(၂၀ဝ၈)ခုနှစ်က အနောက်တောင်ပိုင်းရှိ စီချွမ်ပြည်နယ် ငလျင်ကြောင့် လူ(၇)သောင်းနီးပါး
သေဆုံးခဲ့ဖူးကြောင်း သိရှိရပါသည်။
No comments:
Post a Comment