နီဂါရာဂွာ ကယ်ဆယ်ရေး တာဝန်ရှိသူများဟာ ဘိုနန်ဇာ မြောက်ပိုင်းရှိ
ရွှေသတ္တုတွင်း ပြိုကျမှုကြောင့် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်ဖို့ မနေ့ညက တစ်ညလုံး ဆောင်ရွက်ခဲ့ရကြောင်း
သိရပါသည်။ အစိုးရတာဝန် ရှိသူများရဲ့ ဖော်ပြချက်အရ သတ္တုတွင်း အလုပ်သမား အတော်များများ
ပိတ်မိနေနိုင်ကြောင်း သိရပါသည်။ ဘိုနန်ဇာ စီမံကိန်းကို နီဂါရာဂွာ ကုမ္ပဏီဟမ်ကိုက လုပ်ဆောင်နေပြီး
ကိုလံဘီယာ ကုမ္ပဏီ မိုင်နီရောစ့် အက်စ်အေက ပိုင်ဆိုင်တာ ဖြစ်ပါသည်။ ၄င်းစီမံကိန်းကို
(၁၉၉၅)ခုနှစ်က စတင်ခဲ့ပြီး တစ်နှစ်ကို ရွှေ(၃၇၃၀ဝ) ထရိုင်အောင်စလောက် ထုတ်လုပ် လျက်ရှိကြောင်း
သိရှိရပါသည်။ အခုနောက်ဆုံး ရရှိတဲ့ သတင်းများအရ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား (၂၀)ကို
ကယ်တင်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များမှ မိုင်းတွင်းကနေ
ထွက်လာသူများကို ကူညီကယ်ဆယ် လျက်ရှိပြီး မိသားစု များကလည်း လာရောက်စောင့်ကြည့် လျက်ရှိကာ
မိုင်းတွင်းထဲမှာ လူ(၂၉)ဦး ပိတ်မိနေဆဲ ဖြစ်ပါသည်။ ယခုမိုင်းတွင်းကို လွန်ခဲ့တဲ့ (၄)နှစ်ကတည်းက
ပိတ်ခဲ့ပေမဲ့ အလုပ်သမားများက ကုမ္ပဏီ မသိအောင် ဆက်လက် လုပ်ကိုင်နေကြခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment