ဂျပန်နိုင်ငံမှ
အနုပညာရှင် နိုဘူမီချီ အာဆာအိသည် ထိရောက်သည့် မျက်နှာဖုံး ဖန်တီးရန် လူများ၏ မျက်နှာကို
scanဖတ်ပြီး မျက်နှာအမူအယာ ပြောင်းလဲပုံကို ရေးဆွဲနိုင်သည့် စီမံကိန်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
၎င်းတို့အဖွဲ့ဟာ သရီးဒီ နည်းပညာနဲ့ မျက်နှာအမူအရာ ရေးဆွဲခြင်းကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က
တိုကျိုမှာ ပြသခဲ့ပါတယ်။ ဒီအဖွဲ့ဟာ ဂျပန်ရိုးရာ ယဉ်ကျေးမှု အလှတရားနဲ့ သက်ဝင်လှုပ်ရှားမှု
နည်းစနစ်တွေကို လှုံ့ဆော်ခဲ့ပါတယ်။ သရုပ်ပြသူရဲ့ မိတ်ကပ်ကို သဘာဝအတိုင်း လိမ်းခြယ်ပြီး
ဒီစီမံကိန်းကို ဂျပန်လို မျက်နှာ(သို့) အရှေ့ပိုင်းလို့ အဓိပ္ပါယ်ရတဲ့ အိုမိုတဲလို့
ခေါ်ပါသည်။ အခုလို ပြုလုပ်ရာမှာ အခက်ဆုံးအပိုင်းက မျက်လုံးများ ဖြစ်ပါသည်။ မျက်လုံးများဟာ
စိတ်ခံစားချက်နဲ့ ပတ်သက်ပြီး ပြောင်းလဲပုံကို
၎င်းတို့အဖွဲ့က လေ့လာခဲ့ပါတယ်။ ပုံရိပ်ပေါ်ရှိ ၄င်းတို့ပြုလုပ်ထားတဲ့ သူငယ်အိမ်ကို
လူရဲ့သူငယ်အိမ် လှုပ်ရှားမှုနဲ့ ပိုမိုဆင်တူအောင် ဆောင်ရွက်နိုင်ခဲ့ ပါတယ်။ အာဆာအိတို့
အဖွဲ့ဟာ လက်ရှိမှာ ဒီစီမံကိန်းအတွက် ရံပုံငွေ ရှာဖွေနေပြီး နောက်တစ်ဆင့်မှာ လူ့ခန္ဓာကိုယ်
တစ်ခုလုံးကိုပါ ပြုလုပ်နိုင်ရန် စဉ်းစားလျက် ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment