Saturday, August 30, 2014

အမေရိကန် ခရီးရှည် ရေကူးမယ်သည် ကျူးဘားမှ ဖလော်ရီဒါ ရေလက်ကြားကို ဖြတ်သန်း ကူးခတ်ခဲ့သည့် သမိုင်းဝင် ရေကူးမှုအထိမ်းအမှတ်အဖြစ် စားသောက်ပွဲလေးကျင်းပခဲ့



အမေရိကန် ခရီးရှည် ရေကူးမယ် အသက်(၆၅) နှစ်အရွယ် ဒိုင်ယာနာညက်ဟာ ကျူးဘားမှ ဖလော်ရီဒါ ရေလက်ကြားကို ဖြတ်သန်း ကူးခတ်ခဲ့သည့် သမိုင်းဝင် ရေကူးမှုရဲ့ တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၄င်း၏ မိတ်ဆွေများ၊ သူမ၏အိပ်မက်ကို အမှန်တကယ် ဖြစ်လာစေရန် အကောင်အထည် ဖော်ရာမှာ ကူညီပေးကြတဲ့ ပညာရှင်များနှင့်အတူ စားသောက်ပွဲလေး ကျင်းပခဲ့ကြောင်း သိရပါသည်။ ဒိုင်ယာနာညက်ဟာ ပင်လယ်ပြင်ရှိ ငါးမန်းရန်ကလွတ်အောင် အကာအကွယ် ဘာမှမပါရှိဘဲ ရေလက်ကြားကို ဖြတ်သန်း ကူးခတ်ခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးတစ်ဦး ဖြစ်လာခဲ့ပြီး သူမရဲ့ ပဉ္ဓမအကြိမ် ကြိုးပမ်းမှုမှာတော့ စိတ်ကူးယဉ် အိပ်မက်ပန်းတိုင်ကို အရောက်လှမ်း နိုင်ခဲ့တာ ဖြစ်ပါသည်။ ညက်ဟာ သူဘဝရဲ့ အချိန်အတော်တော် များများကို ရေထဲမှာပဲ ကုန်ဆုံးခဲ့ပြီး အဲ့ဒီအောင်မြင်မှုကို ရရှိဖို့(၃၅) နှစ်ကြာအောင် သံမဏိစိတ်ဓါတ်နဲ့ ကြိုးပမ်းခဲ့ရကြောင်း သူမရဲ့ဝက်ဆိုဒ်မှာ ဖော်ပြထားတယ်လို့ သိရှိရပါသည်။

No comments:

Post a Comment