Tuesday, September 2, 2014

မီးလောင်နေသည့် အိမ်ထဲမှ သခင်အား ဆယ်လ်လီဟုခေါ်သည့် ကြောင်မကြီး ကယ်တင်နိုင်

ဆယ်လ်လီလို့ခေါ်သည့် အညိုနှင့် အနက်အစင်းရှိသည့် ကြောင်ကြီးကို သူရဲကောင်းလို့ ဩစတြေးလျတစ်ခွင်က ပြောနေပါသည်။ ကြောင်မကြီးဟာ ထူးထူးခြားခြား တစ်ခုတော့လုပ်ခဲ့ပါသည်။ မီးလောင်နေသည့် အိမ်ထဲက သူ့သခင်ကို ကယ်ထုတ်ခဲ့ပါသည်။ အသက် (၄၉) နှစ်အရွယ် Craig Jeeves ကတော့ ဖြတ်ထိုးညာဏ်ကောင်းလှသည့် ကြောင်ကြီးကြောင့် ၄င်းဟာ မီးလောင်နေသည့် အိမ်ထဲက လွတ်လာသည်ဟု ပြောပါသည်။ Jeeves ကို အိပ်ယာက နိုးလိုက်တာဟာ အသက်ကယ်လိုက်ခြင်းပါဘဲ ကျွန်တော့ ခေါင်းပေါ် သူ ရုတ်တရက် ခုန်တက်လာသည် ကျွန်တော့ကို အော်ပြီး နှိုးနေသလိုဘဲ မဟုတ်ရင်တော့ ကျွန်တော် နိုးမှာမဟုတ်ပါဘူး။ Jeevesဟာ ဆယ်လီကို လွန်ခဲ့သည့် နှစ်အနည်းငယ်က ကြောင်ထိန်းသိမ်းရေးစခန်းကနေ ခေါ်ယူ မွေးမြူထားတာဖြစ်ပါသည်။

No comments:

Post a Comment