(၆)ရက်ကြာ
ကျင်းပမည့် နိုင်ငံတကာ ကုန်စည်ပြပွဲတစ်ခုဖြစ်သည့် (၄)ကြိမ်မြောက် တရုတ်-ဥရောပအာရှ
(ချိုင်းနား-ယူရေးရှား)ကုန်စည်ပြပွဲကို ရှင်ဂျန်ဝေဂေါ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏
မြို့တော်ဖြစ်သည့် အူရမုချိမှာ (၁-၉-၁၄) ရက်နေ့က ဖွင့်လှစ်ကျင်းပခဲ့ကြောင်း သိရပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဝမ်ယန်းနှင့်အတူ အခြားနိုင်ငံများမှ
ခေါင်းဆောင် အများအပြား တက်ရောက်ခဲ့ကြပါသည်။ ယခုပြပွဲဟာ ရှေးဟောင်း ပိုးလမ်းမတစ်လျှောက်ရှိ
နိုင်ငံများအကြား စီးပွားရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် ပေါင်းကူးဖြစ်စေဖို့
ရည်ရွယ်ကြောင်း ဝန်ကြီးချုပ် ဝမ်ယန်းက ပြောကြားခဲ့ပါသည်။ ပွဲတော်ကာလအတွင်း ဖိုရမ်(၁၀)ခုနဲ့
ဆွေးနွေးပွဲများလည်း ကျင်းပသွားမှာ ဖြစ်ပါသည်။ ပိုးလမ်းမစီးပွားရေး ကွင်းဆက်အား (၂၀၁၃)ခုနှစ်
အာရှအလယ်ပိုင်းအစီအစဉ်မှာ တရုတ်သမ္မတ ရှီကျင်းဖျင်က အဆိုပြုခဲ့ခြင်းဖြစ်ပြီး အဲဒီစီမံကိန်းမှာ
လူဦးရေ(၃)ဘီလီယမ် နေထိုင်လျက်ရှိသည့် အာရှနဲ့ ဥရောပဒေသတွင်းနဲ့ နိုင်ငံပေါင်း(၄၀)ကျော်
ပါဝင်မှာ ဖြစ်ကြောင်းသိရှိရပါသည်။
No comments:
Post a Comment