ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဂျာမနီနိုင်ငံ၊
ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန် နိုင်ငံတို့သို့ တရားဝင် ချစ်ကြည်ရေး ခရီးသွားရောက်ရန်
စက်တင်ဘာလ (၁) ရက်နေ့က ညနေ (၅)နာရီတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းဖြင့်
ထွက်ခွာခဲ့ရာ စင်္ကာပူ သမ္မတနိုင်ငံ ချန်ဂီအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညပိုင်းတွင် ရောက်ရှိကြသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့အား လေဆိပ်တွင် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး
ခေတ္တရပ်နားပါတယ်။ စက်တင်ဘာလ (၂)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည်
စင်္ကာပူသမ္မတနိုင်ငံမှ ဂျာမနီနိုင်ငံသို့ ထွက်ခွာခဲ့ရာ ဒေသစံတော်ချိန် နံနက် (၆)နာရီခွဲမှာ
ဂျာမနီနိုင်ငံ ဖရန့်ဖတ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြသည်။ နိုင်ငံတော်သမ္မတနှင့်
အဖွဲ့အား ဒွက်ရှ် ဘန့်ခ် အမှုဆောင် အရာရှိချုပ်နှင့် ဂျာမနီနိုင်ငံ၊ အာရှနှင့် ပစိဖိတ်
စီးပွားရေးအဖွဲ့ အကြီးအကဲနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။ ဆက်လက်ပြီး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် လေဆိပ်မှ ခေတ္တတည်းခိုမည့် ဖရန့်ဖတ် ဟော့တ် ဟိုတယ်သို့ ထွက်ခွာသွားကြပြီး ဟိုတယ်မှာ
ခေတ္တရပ်နားကြသည်။
No comments:
Post a Comment