Tuesday, September 2, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံသို့ ရောက်ရှိ



ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဂျာမနီနိုင်ငံ၊ ဆွစ်ဇာလန်နိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့ကို တရားဝင် ချစ်ကြည်ရေး ခရီးသွားရောက်ရန် စက်တင်ဘာလ (၁) ရက်နေ့ ညနေ (၅) နာရီတွင် နေပြည်တော်မှ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းဖြင့် ထွက်ခွာခဲ့ရာ စင်္ကာပူ သမ္မတ နိုင်ငံ ချန်ဂီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညပိုင်းတွင် ရောက်ရှိကြပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့အား တာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ခေတ္တရပ်နားပါသည်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အဖွဲ့သည် ဥရောပ ခရီးစဉ် အစဖြစ်သည့် ဂျာမနီနိုင်ငံသို့ ဆက်လက် ထွက်ခွာသွားကြောင်း သိရှိရပါသည်။


No comments:

Post a Comment