Tuesday, September 2, 2014

မန္တလေး-ရန်ကုန် အမြန်လမ်းမကြီး လမ်းဘေးဝဲယာ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

မန္တလေးမြို့ တောင်စလင်းတိုက်သစ် ဘာဝနာဌာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိက္ခ ဦးဆောင်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဗုဒ္ဓဘာသာ သာသနာပြန့်ပွားရေး အသင်းချုပ်တို့ ပူးပေါင်းကြီးမှူးပြီး တိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည် သာယာလှပစေရန် ရာသီဥတုမျှတခြင်း၊ မြေဆီလွှာ ထိန်းသိမ်းပေးခြင်း၊ မြေဆီလွှာ တိုက်စားခြင်းတို့မှ ကာကွယ်ရန်နှင့် အမြန်လမ်းမကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် မန္တလေး-ရန်ကုန် အမြန်လမ်းမကြီး မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဩဂုတ်လ(၃၁)ရက်နေ့ မနက်(၇)နာရီက မန္တလေး-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၆၆/၇ ၌ ကျင်းပပါသည်။

No comments:

Post a Comment