Tuesday, September 2, 2014

မန္တလေး ကွန်ပျူတာ တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ၂၀၁၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ပြုလုပ်

မန္တလေး တိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ဒဟတ္တောကျေးရွာ အုပ်စု မန္တလေး ကွန်ပျူတာ တက္ကသိုလ် ကျောင်းဝင်းအတွင်း၌ ၂၀၁၄ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို စက်တင်ဘာလ(၁)ရက်နေ့ နံနက်(၇)နာရီက အဆိုပါ တက္ကသိုလ်ရှိ စိုက်ပျိုးရေး စိုက်ကွင်း၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်ပြီး စိုက်ပျိုးမည့် သစ်ပင်များကို မန္တလေးကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် အမျိုးသမီးရေးရာ အဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ကိုယ်စားလှယ်များအား ပေးအပ်ပါတယ်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ တက်ရောက် လာကြသူများသည် အရိပ်ရကံ့ကော်ပင် ရတနာတန်းဝင် အပင်များနှင့် အရိပ်ရပင်များကို တပျော်တပါး စိုကပျိုးကြပါတယ်။ သစ်ပင်စိုက်ပျိုးပွဲမှာ ကျွန်း၊ ပျဉ်းကတိုး၊ ယင်းမာ၊ ပိတောက်စသည့် ရတနာတန်းဝင်ပင် များနှင့် အရိပ်ရပင်စုစုပေါင်း (၁ ထောင့် ၃၅၀) စိုက်ပျိုး ခဲ့ကြောင်းသိရပါသည်။ 

No comments:

Post a Comment