မွေးမြူရေး
ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်အေးသည်
စက်တင်ဘာလ (၁)ရက်နေ့က မန္တလေးမြို့ နတ်ရေကန် ငါးမွေးမြူရေး စခန်းတွင် ငါးလုပ်ငန်း ဦးစီးဌာနမှ
တာဝန်ရှိသူများ၊ အထက်မြန်မာပြည် ငါးလုပ်ငန်း အဖွဲ့ချုပ်၊ မန္တလေးတက္ကသိုလ် သတ္တဗေဒဌာနမှ
ပါမောက္ခ/ ဌာနမှူးနှင့် အဖွဲ့ဝင်များ အထက်မြန်မာပြည်ရှိ ငါးသားပေါက်စခန်း (၂၆)ခုမှ တာဝန်ခံများနှင့်
တွေ့ဆုံ၍ ငါးသားပေါက်စခန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ဒုတိယဝန်ကြီးက
ပြောကြားရာမှာ ယခုဆွေးနွေးပွဲတွင် ဆောင်ရွက်ပြီးစီးမှု၊ တွေ့ရှိရသည့် အခက်အခဲနှင့် ဖြည့်ဆည်း
ဆောင်ရွက်ပေးရမည့် အချက်များ၊ အကြံပြုချက်များ တင်ပြကြရန် ပြောကြားပြီး ငါးသားပေါက်စခန်း
တစ်ခုချင်းစီအလိုက် ငါးသားပေါက်များ ထုတ်လုပ်ပြီး မျိုးရောင်းချမှု၊ မျိုးစိုက်ထည့်မှု၊
ဒေသငါးမျိုးရင်း ထိန်းသိမ်းမှု၊ ငါးသယံဇာတ ထိန်းသိမ်းမှု၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံ၊
ဖြည့်ဆည်းပေးရန် လိုအပ်ချက်၊ အကြံပြုချက်များအား တင်ပြဆွေးနွေး ကြပါသည်။ ဆက်လက်ပြီး မန္တလေးတက္ကသိုလ် သတ္တဗေဒဌာန ပါမောက္ခ/
ဌာနမှူးနှင့် အထက်မြန်မာပြည် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဌတို့က ဆွေးနွေးအကြံပြု ပြောကြားကြပြီး
ဒုတိယဝန်ကြီးမှ ငါးသယံဇာတ ထိန်းသိမ်းရေး ရေထွက်ပစ္စည်း တိုးမြှင့်ထုတ်လုပ်ရေး၊ လူတစ်ဦးချင်း
ငါးစားသုံးမှုနှင့် ဝင်ငွေတိုးတက်လာစေရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်း
ဆောင်ရွက်ကြရန် ပြောကြားပြီး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment