ပလောက် မြို့နယ်ခွဲ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ နံရံကပ် စာပေ ရေချမ်းစင်များ ဖွင့်လှစ်
ပြည်သူများ စာပေကို လက်လှမ်းတမီ အလွယ်တကူ လေ့လာ ဖတ်ရှုနိုင်ရန် အချိန်ကို
အကျိုးရှိစွာ အသုံးချတတ်စေရန် စာဖတ်သည့် အလေ့အကျင့်များ ဖြစ်ပေါ်စေရန် အတွက် ပလောက်
မြို့နယ်ခွဲ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူစည်ကားရာ နေရာများတွင်
နံရံကပ် စာပေ ရေချမ်းစင်များကို ဖွင့်လှစ် ဆောင်ရွက် ပေးထားပါတယ်။ ထိုသို့ ဖွင့်လှစ်ထားရှိပြီး
စာစဉ်အသစ်များကို လဲလှယ် ဆောင်ရွက် ပေးသဖြင့် ပြည်သူများ အနေဖြင့် အားလပ်ချိန်များ
ခရီးသွား ဟန်လွဲဖြင့် လက်လှမ်းတမီ စာအုပ်စာစောင်များ လေ့လာ ဖတ်ရှုလျှက် ရှိကြပါတယ်။
အဆိုပါ စာပေ ရေချမ်းစင်များကို လူစည်ကားရာ နေရာများနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာနရုံးတို့တွင် ချိတ်ဆွဲပေးထားခဲ့သော နံရံကပ် စာပေ ရေချမ်းစင်များတွင် ပလောက်မြို့နယ်ခွဲ
ဝန်ထမ်းများက ဩဂုတ်လ (၃၁)ရက်နေ့တွင် အတွဲ (၂) အမှတ်(၈) စာအုပ်များ ဖြည့်ဆီး ဆောင်ရွက်
ပေးခဲ့တယ်လို့ သိရပါသည်။
No comments:
Post a Comment