Monday, September 1, 2014

မြိတ်ခရိုင် အတွင်းရှိ မြို့နယ်များတွင် နံရံကပ် စာပေ ရေချမ်းစင်များကို ချိတ်ဆွဲ ပေးထားပြီး စာအုပ်သစ်များ လစဉ်အသစ် ဖြည့်ဆီးဆောင်ရွက်ပေးလျက်ရှိ




 မြိတ်ခရိုင် အတွင်းရှိ မြို့နယ်များတွင် အများပြည်သူများ စာပေ ဖတ်ရှု နိုင်စေရေးအတွက် လူစည်ကားရာ နေရာများတွင် နံရံကပ် စာပေ ရေချမ်းစင်များကို ချိတ်ဆွဲ ပေးထားပြီး စာအုပ်သစ်များ လစဉ်အသစ် ဖြည့်ဆီးဆောင်ရွက် ပေးလျှက်ရှိပါသည်။ မြိတ်မြို့တွင် ပြန်/ဆက် ဦးစီးဌာနမှ ထားရှိပေးသည့် စာပေ ရေချမ်းစင် (၂၀)ခုနှင့် စာပေ ဝါသနာ ရှင်များမှ လှူဒါန်း ထားရှိပေးသည့် စင်(၁၇)ခုကို လူစည်ကားရာ နေရာများမှာ ထားရှိပေးထားကာ အများပြည်သူ စာပေ ဖတ်ရှုနိုင်ရေး ဆောင်ရွက်ထားရှိရာ အဆိုပါ စာအုပ်စင်များတွင် ယခုလထုတ် စာပေရေချမ်းစင် စာအုပ် အတွဲ(၂) အမှတ်(၈) စာအုပ်များကို မြိတ်ခရိုင် ပြန်/ဆက် ဝန်ထမ်းများက ဩဂုတ်လ (၂၈)ရက်နေ့မှ စ၍ လိုက်လံ ဖြည့်ဆည်း ဆောင်ရွက်ပေးလျှက် ရှိပါတယ်။ အဆိုပါ စာပေ ရေချမ်းစင်များကို ကျွန်းစုမြို့နှင့် တနင်္သာရီ မြို့များတွင် ပြန်/ဆက် ဦးစီးဌာနမှ ထားရှိပေးသည့် စင်(၈)ခုစီနှင့် စာပေ ဝါသနာရှင်များမှ လှူဒါန်း ချိတ်ဆွဲ ပေးထားသည့် စင်(၄)ခု စီကိုလည်းကောင်း ပုလောမြို့တွင် ပြန်/ဆက် ဦးစီးဌာနမှ ထားရှိပေးထားသည့် စင်(၈)ခုနှင့် ပလောက်မြို့နယ်ခွဲတွင် ပြန်/ဆက် ဦးစီးဌာနမှ ချိတ်ဆွဲ ပေးထားသည့် စာပေ ရေချမ်းစင် (၆)ခုကို လူစည်ကားရာ နေရာများတွင် ချိတ်ဆွဲ ထားရှိပေးပြီး အများပြည်သူ စာပေ ဖတ်ရှု နိုင်စေရေး စီစဉ် ဆောင်ရွက် ပေးထားပါသည်။

No comments:

Post a Comment