ကယားပြည်နယ် မြန်မာ့အာမခံ လုပ်ငန်းအကြောင်း သိကောင်းစရာ ပညာပေး ဟောပြောပွဲ
မြန်မာ့အာမခံ လုပ်ငန်းအကြောင်း
သိကောင်းစရာ ပညာပေး ဟောပြောပွဲကို မြန်မာ့အာမခံ လုပ်ငန်း၊ ကယားပြည်နယ်ရုံး၌ စက်တင်ဘာလ(၁)ရက်နေ့
နံနက်ပိုင်းက ပြုလုပ်ရာ မြန်မာ့အာမခံ လုပ်ငန်း၊ ပြည်နယ်တာဝန်ခံက အာမခံအမျိုးအစားများ၊
သူတစ်ပါးထိခိုက်မှု အာမခံနှင့် အထူးခရီးသွား အာမခံထားရှိခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးနှင့်
လုပ်ထုံးလုပ်နည်းများကို ဟောပြောဆွေးနွေးပြီး အာမခံပရီမီယံကြေး လာရောက်ပေးသွင်းသူများ
သိလိုသည့် မေးမြန်းချက်များအား ပြန်လည် ရှင်းလင်းဖြေကြား ခဲ့ပါတယ်။ အဆိုပါ ဟောပြောပွဲသို့
ကယားပြည်နယ် အတွင်းရှိ အာမခံ ပရီမီယံကြေး လာရောက်ပေးသွင်းသူ (၁၀ဝ)ခန့် တက်ရောက်ခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment