Monday, September 1, 2014

တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်တွင် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ




တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မတီမှ ကြီးမှူး၍ စက်တင်ဘာလ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို အောင်မြင်စွာ အသိပညာပေး ကျင်းပနိုင်ရေး အတွက် မြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မတီဝင်များ ကြိုတင်ညှိနှိုင်း အစည်းအဝေးကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဩဂုတ်လ(၂၉)ရက်နေ့ နံနက်(၁၀)နာရီ အချိန်က ကျင်းပပါတယ်။ အခမ်းအနားတွင် မြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ကော်မတီ ဒုတိယဥက္ကဋ္ဌ ရဲမှူးသိန်းနိုင်တို့က စက်တင်ဘာလ(၁၃)ရက် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို လူသားအချင်းချင်း စာနာဖို့ လူကုန်ကူးမှု တိုက်ဖျက်စို့ ဆောင်ပုဒ်နှင့်အညီ ရည်ရွယ်ချက်(၅) ရပ်အား အကောင်အထည်ဖော် နိုင်စေရန် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကော်မတီဝင်များ ပူးပေါင်းပါဝင်ကြရေး ဆွေးနွေး ပြောကြားပါတယ်။ ထို့နောက် ကော်မတီဝင်များမှ အခမ်းအနား ပြင်ဆင်ရေး၊ ဓာတ်ပုံနံရံကပ် ပြခန်းနှင့် အထက တနင်္သာရီ ကျောင်းသူ ကျောင်းသားများ တေးသရုပ်ဖော် အကများ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲကျင်းပရေး ဆုချီးမြှင့်ရေးနှင့် အထက်တန်းအဆင့် ကျောင်းသူကျောင်းသား များအား ဥာဏ်စမ်းပဟေဠိ မေးခွန်းမေး မြန်းခြင်း ဆုရွေးချယ်ရေး ကဏ္ဍများ ညှိနှိုင်း ဆွေးနွေးကြကြောင်း သိရှိရပါတယ်။

No comments:

Post a Comment