Tuesday, September 2, 2014

ဝန်ကြီးချုပ်ဖလား မီနီမာရသွန်နှင့် စက်ဘီးပြိုင်ပွဲအား စက်တင်ဘာလ(၃) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ဝေဇယန္တာလမ်း တစ်လျှောက် နံနက်(၆)နာရီမှ ပြိုင်ပွဲပြီးဆုံးသည်အထိ ခေတ္တလမ်းပိတ်မည်



ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား မီနီမာရသွန်နှင့် စက်ဘီးပြိုင်ပွဲအား စက်တင်ဘာလ(၃) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်များသည် ဝေဇယန္တာလမ်းပေါ် သုဝဏ္ဏအားကစားရုံရှေ့မှ မြောက်ဥက္ကလာပ ရထားလမ်းခုံးကျော်တံတား အောက်အထိ အသွား/အပြန်အသုံးပြုမည် ဖြစ်သဖြင့် ဝေဇယန္တာလမ်း တစ်လျှောက် နံနက်(၆)နာရီမှ ပြိုင်ပွဲပြီးဆုံးသည်အထိ ခေတ္တလမ်းပိတ်ထားမည် ဖြစ်ကြောင်းနှင့် မော်တော်ယာဉ်မောင်းသူများ အနေဖြင့် အခြားလမ်းလွှဲများမှ အသုံးပြုသွားလာကြပါရန် ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ သတိပေးနှိုးဆော် ထားပါသည်။


No comments:

Post a Comment