ကူးစက်မြန်
အီဘိုလာ ရောဂါ စောင့်ကြပ် ကြည့်ရှုရေး လုပ်ငန်း ဆောင်ရွက်မှုအရ ဝေဘာဂီ အထူးကု ဆေးရုံကြီးတွင်
ဆေးကုသမှု ခံယူလျှက် ရှိသော လူနာနှင့် ၄င်းနှင့် အနီးကပ် ထိတွေ့သူ (၄)ဦးတို့၏ ကျန်းမာရေး
အခြေအနေမှာ လုံးဝ ကောင်းမွန်လျှက် ရှိပါသည်။ ၄င်းတို့ (၅)ဦးတို့၏ ဓာတ်ခွဲ နမူနာကို
ကူးစက်မြန် အီဘိုလာ ရောဂါ ဟုတ်-မဟုတ် အတည်ပြုနိုင်ရန် ဩဂုတ်လ (၂၉)ရက်နေ့က ဂျာမနီ နိုင်ငံ
ဟန်းဘတ်မြို့ရှိ ဘိုင်းရပ်စ်ဗေဒ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခဲ့ရာ (၅)ဦးစလုံး၏ ဓာတ်ခွဲ
နမူနာတွင် ကူးစက်မြန် အီဘိုလာ ရောဂါပိုး လုံးဝမရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ
သိရှိရပါသည်။
No comments:
Post a Comment