Tuesday, September 2, 2014

ရုရှားနိုင်ငံခြားရေးဝန်ကြီး မော်စကိုရှိ နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ်မှ ကျောင်းသားများနှင့် တွေ့ဆုံ

ယူကရိန်း၏ ကာလရှည် ပဋိပက္ခအတွင်း ရုရှားအနေနဲ့ စစ်ရေးအရ ကြားဝင်နှောက်ယှက်ခြင်း မရှိကြောင်းနဲ့ ဥရောပသမဂ္ဂ (ဒါမှမဟုတ်) အမေရိကန်မှ နောက်ထပ်ပိတ်ဆို့မှု အသစ်တွေ ပြုလုပ်ခဲ့မည်ဆိုရင် ဒါဟာ ၄င်းတို့၏ နိုင်ငံသားများနဲ့ လုပ်ငန်းများအား ကာကွယ်ဖို့ ရုရှားကို ဖိအားပေးခြင်းသာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ်က မော်စကိုရှိ နိုင်ငံတကာ ဆက်ဆံရေး တက္ကသိုလ်မှ ကျောင်းသားများနှင့် တွေ့ဆုံပွဲမှာ ပြောကြားခဲ့ကြောင်း သိရပါသည်။ ပိတ်ဆို့မှုအသစ်များနဲ့ စပ်လျဉ်းပြီး ပထမဦးဆုံးအနေနဲ့ ၄င်း၏ စီးပွားရေး၊ လူမှုရေးကွန်ယက်နဲ့ လုပ်ငန်းဆောင်တာတွေကို ကာကွယ်သွားမည့်အပြင် တစ်ဆက်တည်းမှာပဲ မိတ်ဖက်တွေ၏ အပြုအမူကို လေ့လာသွားမှာဖြစ်ကြောင်း သိရှိရပါသည်။

No comments:

Post a Comment