အီရန်၏
နျူကလီးယားအစီအစဉ်အတွက် ဆွေးနွေးနိုင်ဖို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဟာ ဥရောပ ကောင်စီဥက္ကဌ
ဥရောပနိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကတ်သရင်း အက်ရှ်တန်တို့ နှင့် (၁-၉-၁၄) ရက်နေ့က
တွေ့ဆုံခဲ့ပါသည်။ အက်ရှ်တန်ဟာ ကမ္ဘာအင်အားကြီး(၆)နိုင်ငံနှင့် အီရန်တို့ ဆွေးနွေးနိုင်ဖို့
စီစဉ်ထားခဲ့သည်ဟု ဆိုပါသည်။ (၂)ဖက်၏ ဆွေးနွေးမှုအပြီးမှာတော့ သဘောတူညီမှု တစ်စုံတရာမရသေးကြောင်းသိရပါသည်။
အီရန်ဟာ အနျူမြူအစီအစဉ်ကို စွန့်လွှတ်ရင် ၄င်း၏ စီးပွားရေး ယန္တရားကို ကျဆင်းစေသည့် စီးပွားရေး
ပိတ်ဆို့မှုတွေကို ရပ်တန့်ပေးမည်ဟု ကမ္ဘာအင်အားကြီး(၆)နိုင်ငံက ဆိုပါသည်။ နောက်ပိုင်းမှာတော့
အီရန် နိုင်ငံခြားရေးဝန်ကြီးဟာ ဥရောပပါလီမန်ဥက္ကဌနှင့် တွေ့ဆုံရအုံးမှာ ဖြစ်သလို ဘယ်လ်ဂျီယံနိုင်ငံခြားရေး
ဝန်ကြီးနဲ့လည်း ဆွေးနွေးသွားဖို့ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment