ဂါဇာတွင်
ပါလက်စတိုင်းနှင့် အစ္စရေးတို့ တိုက်ခိုက်မှု များအတွင်း ကျန်ရစ်ခဲ့သည့် ဗုံးခွံများကို
အသုံးပြုပြီး ပန်းအိုးလို အနုပညာ လက်ရာများကို ဖန်တီးခဲ့ကြကြောင်း သိရပါသည်။ နေအိမ်ဧည့်ခန်း
အတွင်းမှာ အလှပန်းအိုး ထိုးရန်အတွက် အစ္စရေး တင့်ကားများမှ ချန်ရစ်ခဲ့သည့် စစ်ကျန်ဗုံးခွံများကို
ကောက်ယူစုဆောင်း ပြုပြင်ပြီး အသုံးပြုကြတာ ဖြစ်ပါသည်။ ဂါဇာတိုက်ပွဲများ အတွင်းမှာ ပါလက်စတိုင်း
ဘက်မှ(၂၂၀ဝ) သေဆုံးခဲ့ပြီး အစ္စရေးတို့ ဘက်မှ(၇၀)ကျော် သေဆုံးခဲ့ပါသည်။ ကျွန်တော်က အမှတ်တရ
သိမ်းထားချင်ပေမယ့် ဆွေမျိုးတွေ၊ အိမ်နီးချင်းတွေက စိတ်မသက်မသာ ဖြစ်သည်ဟု ပြောကြပါသည်။
ဒါ့ကြောင့် ဆေးရောင်ချယ်ဖို့ စိတ်ကူးခဲ့တာပါ၊ ကလေးတွေ ကြီးလာရင် ဒီပန်းအိုးများ ကိုပြမည်
၂၀၁၄ခုနှစ်က စစ်ပွဲကြောင့် လူတွေသေခဲ့ရသည်။ လူသတ် လက်နက်ကနေ ဗုံးတွေကနေမှ ပန်းအိုးတွေအဖြစ်
ပြောင်းလဲခဲ့ခြင်းကို ပြန်ပြောင်းပြောပြ မည်ဟုဒေသခံ တစ်ဦးကပြောပါသည်။ ၇ပတ်ကျော်ကြာ
ကာလအတွင်းမှာ အစ္စရေးစစ်တပ်မှ မရေမတွက်နိုင်သော ဒုံးကျည်များကို တင့်ကားများနှင့် ပစ်ခတ်ခဲ့ပြီး
ဟားမတ်စ်တို့ ဘက်ကလည်း မော်တာများ အမြှောက်များနှင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment