Thursday, October 2, 2014

အဝါရောင် သန်းနေသည့် အလှစိုက် မြက်ခင်းလေးများအား ပြန်လည်စိမ်းစို လှပစေရန် မှုတ်ဆေးဖြန်း ဆေးချယ်မှုများ ပြုလုပ်

အမေရိကန်၊ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဒေသခံများသည် မိုးခေါင်း ရေရှားမှုကြောင့် အဝါရောင်၊ အညိုရောင် သန်းနေသည့် ၄င်းတို့၏ အလှစိုက် မြက်ခင်းလေးများအား ပြန်လည်စိမ်းစို လှပအောင် ထိန်းသိမ်းနိုင်ရန် ဆေးချယ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရပါသည်။ ဒရူးမက်လယ်လန်နှင့် ဇနီးဖြစ်သူ ဒီဖ်တို့သည် လက်ကီးလောင်းန် ကုမ္ပဏီကို တည်ထောင်ထားပြီး အလှစိုက် မြက်ခင်းများအား သဘာဝအတိုင်း စိမ်းလန်းလှပ နေသကဲ့သို့ ဖြစ်နေစေရန် မှုတ်ဆေးဖြန်း ဆေးချယ်သည့် ဝန်ဆောင်မှုကို ဆောင်ရွက်ပေးနေခြင်း ဖြစ်ပါသည်။ မှုတ်ဆေးဖြန်း ဆေးချယ်မှုမှာ ရာနှုန်းပြည့် အဆိပ်အတောက် ကင်းစင်သည့်အတွက် ကလေးငယ်များ၊ တိရစ္ဆာန်များနှင့် မိသားစု တစ်စုလုံးသည် ခြံဝန်းအတွင်း ဆင်းကာဆော့ကစား နိုင်သည်ဟု ဆိုပါသည်။ ၄င်းကဲ့သို့ ဆေးခြယ်မှုသည် မြက်ပင်များအတွက် ကောင်းမွန်ရုံသာမက မြက်ပင်၏ အရွက်ကလေး တွေကိုလည်း ခရမ်းလွန် ရောင်ခြည်များ၏ ဒဏ်ကနေ ကာကွယ်ပေးနိုင် သည်ဟုလည်း သိရှိရပါသည်။


No comments:

Post a Comment