Thursday, October 2, 2014

ပီရူးမှ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များသည် အမေဇုန်သစ်တော ဆက်လက် ရှင်သန်ရေးနှင့် တရားမဝင် သစ်ခိုးထုတ် နေမှုများ တားဆီးနိုင်ရန် ဆွေးနွေး

ပီရူးနိုင်ငံမှ တိုင်းရင်းသား လူမျိုးစု ခေါင်းဆောင်များသည် လီမာမြို့တွင် စုဝေးပြီး အမေဇုန်သစ်တော ဆက်လက်ရှင်သန်ရေး အတွက်သာမက လူများကို ထိခိုက်လာနေသည့် သဘာဝ ပတ်ဝန်းကျင် ပြသနာနှင့် မုတ်သုန်သစ်တော များအတွင်း တရားမဝင် သစ်ခိုးထုတ် နေမှုများကို တားဆီးနိုင်ရန်အတွက် ဆွေးနွေးခဲ့ကြ ပါသည်။ လာမယ့် ဒီဇင်ဘာလ ပီရူးမှာကျင်းပမယ့် ကုလအဖွဲ့ဝင်များ ညီလာခံ မကျင်းပခင် ကြိုတင်ဆွေးနွေးသည့် အစည်းအဝေးလဲ ဖြစ်ပါသည်။ ပီရူးက မုတ်သုံသစ်တော အတွင်းက ဟက်တာ၂၅၀ လောက်ကိုခုတ်လှဲ ခံနေရကြောင်း ဂျာမန်ကျွမ်းကျင် ပညာရှင်တစ်ယောက်က ထောက်ပြပါသည်။ နေထိုင်သော အသိုက်အဝန်းကို အသိအမှတ်ပြုရန်က ပထမပါ။ ဒုတိယက မြေယာတွေ တရားဝင် ဖြစ်လာရန်နှင့် လူမျိုးစုတွေ၏ ပိုင်နက်ဆိုင်ရာ တွေကိုလည်း ဖြေရှင်းနိုင်ရန်ဟု နိုင်ငံတကာ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment