Saturday, November 1, 2014

အီရတ်နိုင်ငံရှိ ဟာဒီသာဆည်တွင် ဆွန်နီလက်နက်ကိုင်များ ကြီးစိုးနေ

အီရတ်နိုင်ငံ အန်ဘာပြည်နယ် အနောက်ပိုင်းရှိ အကြီးဆုံး လေတပ်စခန်းနှင့် ယူဖရိတ်တီးစ် မြစ်ကြောင်းပေါ်မှာ တည်ရှိသည့် ဟာဒီသာဆည်သည် အခုအခါ ဆွန်နီလက်နက်ကိုင်များ ကြီးစိုးနေပြီး ဆီးရီးယား နယ်စပ်အနီးနှင့် ဘဂ္ဂဒက်မြို့အနီးရှိ မြို့များကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိပါသည်။ အီရတ်ကာကွယ်ရေး ဝန်ကြီး ခါလစ်-အယ်လ်-အိုဘိုင်ဒီဟာ ပြီးခဲ့သည့် သောကြာနေ့က အီရတ်နိုင်ငံ အနောက်ပိုင်း အင်အယ်လ်အာဆဒ် စစ်စခန်းသို့ သွားရောက်ခဲ့ကာ အိုင်အက်စ် လက်နက်ကိုင်များ ချေမှုန်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကာ တပ်ဖွဲ့ဝင်များကို ကြည့်ရူစစ်ဆေးခဲ့ပါသည်။ အိုဘိုင်ဒီက အိုင်အက်စ် လက်နက်ကိုင်များကို တိုက်ခိုက်သွားမှာ ဖြစ်သည်ဟု ကတိပြုပြောကြားခဲ့ပါသည်။ အိုင်အက်စ်တို့က အီရတ်မြောက်ကိုင်းကို ဇွန်လက ထိန်းချုပ်မှုများ ပြုလုပ်ခဲ့ပြီး အီရတ်အစိုးရ တပ်ဖွဲ့ဝင်များနှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များက အီရတ်မြောက်ပိုင်းဒေသများကို ပြန်လည်ထိန်းချုပ်ရန် စတင်ခဲ့ပြီး အိုင်အက်စ်တို့က အန်ဘာပြည်နယ်အား တိုက်ခိုက်မှုများ ပြုလုပ်နေပြီ ဖြစ်သည်ဟု သိရှိရပါသည်။

No comments:

Post a Comment