မြောက်ကိုရီးယား
ခေါင်းဆောင်ကင်ဂျုံအမ်းဟာ ပြုံးယမ်းနိုင်ငံတကာ လေဆိပ်တည်ဆောက်ရေးနေရာသို့ သွားရောက်စစ်ဆေးခဲ့ပုံကို
နိုင်ငံပိုင် ရုပ်မြင်သံကြား (KRT)မှာ ထုတ်လွင့်ပြသခဲ့ကြောင်း သိရပါသည်။ ကင်ဂျုံအမ်းဟာ
လမ်းလျှောက်တုတ်ကို အသုံးပြုပြီး ပြုံးယမ်းနိုင်ငံတကာလေဆိပ်အား တာဝန်ရှိသူများနှင့်အတူ
လှည့်လည် ကြည့်ရူစစ်ဆေးခဲ့ပါသည်။ ကင်ဂျုံအမ်းဟာ ပြုံးယမ်း နိုင်ငံတကာလေဆိပ်သို့ ဒုတိယအကြိမ်
ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လက ပထမအကြိမ် ရောက်ရှိခဲ့တာ ဖြစ်ပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလ(၃)ရက်နေ့က ဇနီးသည်နှင့်အတူ
ဖျော်ဖြေပွဲတစ်ခု တက်ရောက်ခဲ့ပြီးသည့်နောက် မီဒီယာ၏ မျက်လွာအောက်မှာ ကွယ်ပျောက်နေပြီး
ပြီးခဲ့သည့်လ(၁၄)ရက်နေ့က သတင်းစာမျက်နှာပေါ်သို့ ပြန်လည်ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment