ပြင်သစ်နိုင်ငံသည် အီရတ်ရှိ အိုင်အက်စ်
လက်နက်ကိုင်များအား တိုက်ခိုက်ရန် ပြင်ဆင်လျက်ရှိရာ ပြင်သစ် တိုက်ဂျက်လေယာဉ် (၃)စီးသည်
ဂျော်ဒန်နိုင်ငံသို့ နိုဝင်ဘာလ(၂၈)ရက်နေ့က ရောက်ရှိခဲ့ပြီး မကြာမီမှာလဲ နောက်ထပ်(၃)စီး
ထပ်မံရောက်ရှိလာမှာ ဖြစ်ကြောင်း သိရပါသည်။ အီရတ်ရှိ အိုင်အက်စ် လက်နက်ကိုင်များကို
တိုက်ထုတ်ဖို့အတွက် တိုက်ဂျက်လေယာဉ် (၆)စီးကို ပေးပို့မှာဖြစ်ကြောင်း ပြင်သစ်ကာကွယ်ရေ
ဝန်ကြီးက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ကြောညာခဲ့ပါသည်။ ဂျော်ဒန်မှာ ၄င်းတိုက်ဂျက် လေယာဉ်များ
ထားရှိခြင်းဖြင့် အိုင်အက်စ်တွေကို ဆန့်ကျင်သည့် စစ်ဆင်ရေးမှာ အချိန်ကုန် သက်သာစေဖို့
ကူညီနိုင်မှာ ဖြစ်ကြောင်း ပြင်သစ်သံတမန်များက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ကြောင်း
သိရှိရပါသည်။
No comments:
Post a Comment