Saturday, November 29, 2014

ကနေဒါ စစ်ရေးအသုံးအဆောင်ထောက်ပံ့လေယာဉ် ကိယက်ဗ်မြို့သို့ရောက်ရှိ

ကနေဒါအစိုးရမှ ယူကရိန်းသို့ ပထမအသုတ်အဖြစ် ပေးအပ်သည့် စစ်ရေးအသုံးအဆောင် အထောက်အပံ့များကို သယ်ဆောင်လာသည့် ကနေဒါတော်ဝင် လေတပ်မှ ရဟတ်ယာဉ်သည် ကိယက်ဗ်မြို့ အနီးရှိ ဘော်ရီစပေးလ် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ နိုဝင်ဘာလ(၂၈)ရက်နေ့က ရောက်ရှိလာခဲ့ကြောင်း သိရပါသည်။ ၄င်းယာဉ်ပေါ်မှာ ယူကရိန်းစစ်တပ်အတွက် အနွေးထည်များနှင့် စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများ ပါဝင်ပြီး ယခုသီတင်းပတ် အစောပိုင်းမှာ ကနေဒါ ကာကွယ်ရေးဝန်ကြီးက ၄င်းတို့အနေနှင့် ယူကရိန်းသို့ ဒေါ်လာ(၁၁)သန်း တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အကူအညီများကို သီတင်းပတ် (၅)ပတ်အတွင်း အရစ်ကျ ပို့ဆောင်ထောက်ပံ့သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ရုရှား ကျောထောက်နောက်ခံ ပြုထားသည့် ယခင်သမ္မတဟောင်းကို ဖြုတ်ချပြီးနောက်ပိုင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားထောက်ခံသူ ခွဲထွက်ရေးသမားများ ပေါ်ထွက်လာခြင်းဟာ စစ်အေးခေတ် ပြီးကတည်းက ရုရှားနှင့် အနောက်နိုင်ငံများကြား အဆိုးဝါးဆုံး ပဋိပက္ခကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရှိရပါသည်။  

No comments:

Post a Comment