Saturday, November 29, 2014

နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနား

(၂၅)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့်ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ဆောင်ရွက်ပေးသည့် အဖွဲ့များ၊ ဖီဖာ ယူ-၂၀ ကမ္ဘာ့ဖလား ၂၀၁၅ ခုနှစ် ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် ယူ-၁၉ လက်ရွေးစင် ဘောလုံးအသင်းတို့နှင့် ပျူရှေးဟောင်းမြို့ကြီး (၃)မြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူများအား နိုင်ငံတော်သမ္မတက တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို နိုဝင်ဘာလ(၂၉)ရက်နေ့ ညနေ(၆)နာရီတွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ချီးမြှင့်ပါသည်။   

No comments:

Post a Comment