ဂါဇာကမ်းမြောင် ဒေသမှာ ယခုတစ်ပတ်အတွင်း
လေပြင်းများ တိုက်ခတ်ခြင်းနှင့် မိုးများ သည်းထန်စွာ ရွာသွန်းမှုတို့ကြောင့် လမ်းမများမှာ
ရေကြီးမှုများ ဖြစ်ပေါ်နေပြီး ယာယီရွက်ဖျင်တဲများသည် မိုးရေထဲပါသွားတာကြောင့် ဒေသခံများဟာ
အသက်ရှင်ဖို့ ကြိုးစား ရုန်းကန်နေကြရကြောင်း သိရပါသည်။ ၄င်းဒေသတစ်ဝန်းရှိ လမ်းများမှာ
ရေကြီးမှုတွေ ဖြစ်ပေါ်နေတာကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများနှင့် ကျောင်းများ စက်ရုံအလုပ်ရုံများနှင့်
စတိုးဆိုင်များကို ပိတ်ထားရပါသည်။ မီးသတ်သမားများအား သောင်တင်နေသည့် ဒေသခံများကို ကူညီရန်နှင့်
ကယ်ဆယ်ရန် စေလွှတ်ခဲ့ပါသည်။ အစ္စရေး အာဏာပိုင်များကတော့ ကီရမ်ရှာလွန်းမ်မှ နယ်စပ်ဖြတ်ကျော်ပြီး
ဂါဇာကမ်းမြောင် ဒေသသို့ ဆောက်လုပ်ရေး ပစ္စည်းများ သယ်ယူပို့ဆောင်ရန် သဘောတူညီခဲ့ပေမဲ့
ပြန်လည်ထူထောင်ရေး တောင်းဆိုမှု မြင့်တက်လာခြင်းအပေါ် ဆွေးနွေးပွဲများ ကျင်းပဖို့တော့
အလှမ်းကွာဝေးလျက် ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment