အမေရိကန်
ကီလာအူဝါ မီးတောင်မှ ချော်ရည်များသည် တဖြည်းဖြည်း စီးဆင်းလာရာမှ ပြီးခဲ့သည့် သောကြာနေ့မှာ
ဟာဝိုင်အီ၏ အကြီးဆုံးကျွှန်းပေါ်ရှိ ပါဟွာဒေသသို့ ဆက်လက်စီးဆင်းလျက်ရှိရာ စိုက်ပျိုးရေးမြို့ပေါ်ရှိ
အိမ်ခြေများစွာအတွက် ခြိမ်းခြောက်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။ အဆိုပါ ချော်ရည်စီးဆင်းမှုနှင့်
ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုနှင့် ပျက်စီးဆုံးရူံးမှု သတင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း
သိရှိရပါသည်။ ချော်ရည်များ စီးဆင်းမှုဟာ ပါဟွာလမ်းမမှာ (၁၆၉)မီတာခန့် ရောက်ရှိနေပြီး အဆိုပါလမ်းသည် ကြံစိုက်ပျိုးရေးမှာ အဓိက အသုံးပြုနေသည့်
လမ်းမကြီးလည်း ဖြစ်ပါသည်။ အမျိုးသား လုံခြုံရေး တပ်ဖွဲ့ဝင်များက ချော်ရည်စီးဆင်းမှုမှ
ကူညီဆောင်ရွက်ရန် ၄င်းဒေသသို့ ရောက်ရှိလာကြပြီ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment