တောင်အာဖရိကမှ
တာဝန်ရှိသူများသည် (၄၁)ကီလိုဂရမ်ရှိသည့် ကြံချိုနှင့်အတူ ဗီယက်နာမ်နိုင်ငံသား (၂)ဦးကို
ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။ တောင်အာဖရိကနိုင်ငံ အနေနှင့် တောရိုင်းတိရစ္ဆာန်များ တရားမဝင်ရောင်းချမှုကို
လျော့ကျရန် ကြိုးစားသည့် အနေနှင့် ဆောင်ရွက်နေတာ ဖြစ်ပါသည်။ ကြံချိုများဟာ အာရှနိုင်ငံများမှာ
ဆေးဘက်ဆိုင်ရာ လုပ်ငန်းများမှာ အသုံးပြုရန်နှင့် အလှဆင်ရန် အတွက် အသုံးပြုလျက်ရှိပြီး
တရားမဝင် ခိုးဖမ်းသူများကြောင့် ကြံအရေအတွက် လျော့ပါးလျက်ရှိပါသည်။ ကြံများအား တရားမဝင်
ဖမ်းဆီးခြင်းကို တားမြစ်သည့်အဖွဲ့အရ (၂၀ဝ၄)ခုနှစ်မှ (၂၀၁၃)ခုနှစ် အောက်တိုဘာလအထိ တောင်အာဖရိက
ကြံကောင်ရေ (၉၃၃)ကောင် သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါသည်။ တောင်အာဖရိကမှာ တိရစ္ဆာန်ကောင်းရေ
(၂)သောင်းအထိရှိကြောင်းနှင့် အာဖရိကမှာ အရေအတွက် အများဆုံး ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နာမ်နိုင်ငံသား
(၂)ဦးဟာ ဟနွိုင်းသို လေယာဉ်လက်မှတ်ကို မိုဇမ်ဘစ်မှ မှာယူပြီး ၄င်းတို့ကို ဂျိုဟန်နက်စဘက်မှာ
ဖမ်းမိခဲ့တာ ဖြစ်ပါသည်။ ဦးချိုများဟာ တောင်အာဖရိက ဥယျာဉ်များမှ ဖြစ်မယ်လို့ ယုံကြည်ရကြောင်း
ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။
No comments:
Post a Comment