Saturday, November 29, 2014

(၂၉-၁၁-၂၀၁၄) ရက်နေ့ ကျင်းပမည့် ဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံတော်သမ္မတကြီး ပြောကြားမည့် မိန့်ခွန်း အပြည့်အစုံကို ည (၈)နာရီ သတင်း အပြီးတွင် ထုတ်လွှင့်ပေးသွားမည်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ၏ (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ပေးခဲ့သည့် အဖွဲ့များ FIFA U-20 ကမ္ဘာ့ဖလား ၂၀၁၅ ခုနှစ် ဘောလုံးပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည့် နိုင်ငံဂုဏ်ဆောင် U-19 လက်ရွေးစင်ဘောလုံး အသင်းနှင့် ပျူရှေးဟောင်းမြို့ကြီး (၃)မြို့အား ကမ္ဘာ့အမွေအနှစ် စာရင်းသို့ အောင်မြင်စွာ ထည့်သွင်းနိုင်အောင် ဆောင်ရွက်ခဲ့သူများအား နိုဝင်ဘာလ (၂၉)ရက်နေ့တွင် နိုင်ငံတော် သမ္မတက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံမှာ ဖြစ်ပါသည်။ အဆိုပါ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတွင် ပြောကြားမည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းအပြည့်အစုံအား ယနေ့ည သတင်းများအပြီးတွင် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာ ကြိုတင်အစီအရင်ခံ တင်ပြအပ်ပါသည်။


No comments:

Post a Comment