နိုဝင်ဘာလ
(၂၉)ရက်နေ့ မနက် (၁၁)နာရီ (၃၅)မိနစ် အချိန်၌ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်၊
ကျန်စစ်သားလမ်း လှိုင်သာယာစက်မှုဇုန် (၃)ရှိ ၀ါးဟားဟား ရေခဲမုန့်စက်ရုံ ၀န်ထမ်းများနေထိုင်ရာ
လိုင်းခန်းတွင် လျှပ်စစ်မီးပူတိုက်ရာမှ ပေါ့ဆမှုကြောင့် မီးလောင်ကျွမ်းပြီး တန်းဖိုးငွေကျပ်
(၈)သိန်းဖိုးခန့် ဆုံးရှုံးသွားကြောင်းနှင့် မီးစတင်လောင်ကျွမ်းပြီး (၁၀)မိနစ်ခန့်
အချိန်တွင် မီးညွန့်ကျိုးသွားပြီး နေ့လည် (၂)နာရီအချိန်တွင် မီးငြိမ်းသွားပါသည်။ မီးလောင်ကျွမ်းရာသို့
လှိုင်သာယာမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် အစီး (၄၀)၊ အုပ်ချုပ်မှုယာဉ် (၃)စီး၊ တပ်ဖွဲ့ဝင်
(၂၈)ဦးနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ အရန်မီးသတ်တပ်ဖွဲ့ဝင်များ မီးငြှိမ်းသတ်ခဲ့ကြောင်း
သိရသည်။ မီးလောင်ကျွမ်းမှုနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment