Friday, November 28, 2014

ဆီးလမ်းကြောင်း ပိုးဝင်မှုကြောင့် ဆေးကုသမှုခံယူရာမှ ပြန်လည်ကျန်းမာလာသော ဘောလုံး ကစားသမားဟောင်းကြီး ပီလီ



ဘရာဇီးတွင် ဘောလုံးဘုရင်လို့ ခေါ်တွင်ရသည့် ဘောလုံးကစားသမားဟောင်းကြီး ပီလီသည် ဆီးလမ်းကြောင်း ပိုးဝင်မှုကြောင့် ကုသမှုခံယူနေရပေမယ့် ပြန်လည်ကျန်းမာလာနေပြီလို့ အယ်လဲလ်ဘတ်ထိ-အိုင်းစတိုင်းဆေးရုံက (၂၈-၁၁-၁၄) ရက်နေ့က ပြောကြားလိုက်ပါသည်။ အသက်(၇၄)နှစ်ရှိပြီဖြစ်သည့် ပီလီသည် ပြီးခဲ့သည့်ဆယ်စုနှစ်တစ်လျှောက် ကျန်းမာရေး အခက်အခဲ တော်တော်များများနှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုပါသည်။ ၄င်း၏မန်နေဂျာက ပြန်လည်ကျန်းမာလာနိုင်သလို ပီလီ၏ကျန်းမာရေး အခြေအနေနှင့် ပက်သက်ပြီး ထုတ်ပြန်မှုများသည် လိုအပ်သည်ထက်ပို့ပြီး ချဲ့ကားနေသည်ဟု ယခုလ(၂၇)ရက်နေ့က ပြောကြားထားပါသည်။ လက်ရှိမှာ ကျောက်ကပ်ဆိုင်ရာ ထောက်ပံ့မှုတွေ ခံယူနေရပြီး ယခုလထဲမှာပဲ ကျောက်ကပ်အတွင်း ကျောက်တည်မှုအတွက် ခွဲစိတ်မှုခံယူထားပြီး ဖြစ်သည်ဟု သိရှိရပါသည်။

No comments:

Post a Comment