Friday, November 28, 2014

ကလေးငယ်များကို ရည်ရွယ်တင်ဆက်ထားသည့် The Story of Kai and Gerda ပြဇာတ်



ယခုဇာတ်လမ်းလေးက အကောင်းနှင့် အဆိုး၏ လွန်ဆွဲမှုတစ်ခုပါ။ ရုရှားနိုင်ငံ မော်စကို၏ အထင်ကရ ဘောလ်ရွှိုင်းက ဇာတ်ရုံကြီးတွင် The Snow Queen ကို အခြေခံတင်ဆက်ထားသည့် ပြဇာတ်ကို စင်တင်ထားပါသည်။ The Story of Kai and Gerda အမည်နှင့် ယခုပြဇာတ်သည် ကလေးငယ်များကို ရည်ရွယ်တင်ဆက်ခြင်း ဖြစ်သည့်အတွက် ဒါရိုက်တာက ကလေးငယ် တစ်ယောက် စိတ်ပါဝင်စားနေရန်ဆိုတာ မလွယ်ဘူးဟု ဆိုပါသည်။ ဗီလိန်နေရာက သရုပ်ဆောင်သူက သုံးနေကျ အပြာရောင်အစား အနက်ရောင်ကို သုံးထားလို့ ကလေးများ၏ စိတ်ကူးများထဲ အတွေးတွေ ဝင်စေလိမ့်မည်ဟု ပြောပြန်ပါသည်။ (၂၈-၁၁-၁၄) ရက်နေ့က စတင်ပွဲထွက်လာခြင်းဖြစ်သည့် ယခုပြဇာတ်သည် ကလေးပရိတ်သတ်အကြား အံဩစိတ်တွေ၊ ကြောက်ရွံစိတ်တွေ ပေးစွမ်းသွားမှာ သေချာပါကြောင်း သိရှိရပါသည်။

No comments:

Post a Comment