ပြီးခဲ့သည့်
ဇူလိုင်လတုန်းက ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျသွားခဲ့သည့် မလေးရှား လေကြောင်းလိုင်း
MH-17 ပေါ်လိုက်ပါခဲ့သည့် နယ်သာလန်လူမျိုး ခရီးသည်များ၏
ရုပ်အလောင်းများကို နယ်သာလန်သို့ ပြန်လည်ပို့ဆောင်နေပြီ ဖြစ်ပါသည်။ ယူကရိန်း တပ်သားတွေသည်
သစ်သားခေါင်းတလား ခြောက်ခုကို နယ်သာလန်လေယာဉ်ပေါ်ကို (၂၈-၁၁-၁၄) ရက်နေ့က တင်ဆောင်ပေးခဲ့သည်ဟု
သိရပါသည်။ MH-17 ပျက်ကျရခြင်းသည် ရုရှားလိုလားသူ ခွဲထွက်ရေးသမားတို့ ပြစ်လွှတ်လိုက်သည့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ကြောင့်ဟု ယုံကြည်ရသလို
လိုက်ပါလာသည့် ခရီးသည်(၂၉၈)ဦးစလုံး သေဆုံးသွားခဲ့ပါသည်။ ခရီးသည်များ၏ သုံးချိုးတစ်ချိုးသည်
နယ်သာလန်မှဖြစ်ပြီး နယ်သာလန် အစိုးရက လေယာဉ်ပျက်ကျရာ ရပ်ဝန်းကိုရှင်းလင်းရန် ရယူထားသည့်
သီးတင်းတစ်ပတ် အချိန်ကာလသည် ပြီးခဲ့သည့်(၂၃)ရက်နေ့က ပြီးဆုံးသွားပြီဟု ဆိုပါသည်။ ယူကရိန်းက
၎င်းပျက်ကျမှုသည် ခွဲထွက်ရေးသမားများကြောင့်ဟု စွတ်စွဲထားပြီး ရုရှားအနေနှင့်လည်း MH-17 ကို ယူကရိန်းစစ်သုံးလေယာဉ်က ပစ်ချခဲ့သည်ဟု ပြောကြားထားကြောင်း
သိရှိရပါသည်။
No comments:
Post a Comment