Friday, November 28, 2014

ရုရှားသမ္မတသည် ရေနံဈေးနှုန်းများ ပြန်ပြီးမြှင့်တက်လာခြင်းနှင့် ပတ်သက်၍ အံ့ဩစရာ မရှိကြောင်း ပြောကြား



 ရုရှားသမ္မတ ဗလာဒီမီယာပူတင်သည် ရေနံဈေးနှုန်းများ ပြန်ပြီးမြှင့်တက်လာခြင်းနှင့် ပတ်သက်၍ အံ့ဩစရာမရှိဘူးဟု (၂၈-၁၁-၁၄) ရက်နေ့က ပြောကြားလိုက်ပါသည်။ မိမိအနေနှင့် ရေနံဈေးကွက်သည် လာမည့်နှစ် အလယ်အပိုင်းလောက် ဆိုရင် မျှခြေကို ရောက်လိမ့်မည်ဟု ယုံကြည်ထားသည်ဟု ဆိုပါသည်။ အိုပတ်၏ ထုတ်လုပ်မှုကိုလျော့ချမှာ မဟုတ်သည့် ဆုံးဖြတ်ချက်ကြောင့် (၂၈-၁၁-၁၄) ရက်နေ့က ရေနံထုတ်လုပ်မှု အသေစား လုပ်ငန်းလေးတွေမှာ ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ (၇၃)ဒေါ်လာအထိ ကျဆင်းခဲ့သည်ဟု သိရပါသည်။ အိုပက်စည်းဝေးပွဲ ပြီးဆုံးသွားပြီဆိုရင် ရေနံဈေးကွက်များ ကျဆင်းလိမ့်မည်ဟု မိမိမျှော်လင့်ထားပြီး ဖြစ်သလို ဒီဈေးနှုန်းပြောင်းရွေ့မှုကို ထိန်းညှိရန် ရုရှားအနေနှင့် တစ်စုံတစ်ရာ ဆောင်ရွက်ထားခြင်း မရှိသေးဘူးဟု သမ္မတပူတင်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment