Monday, December 29, 2014

ဂျာမနီနိုင်ငံ တောင်ပိုင်းတွင် နှင်းကျဆင်းမှု များပြား၍ တောင်မြင့် လမ်းများတွင် သွားလာရ ခက်ခဲ

 ဂျာမနီနိုင်ငံ တောင်ပိုင်းတွင် နှင်းကျဆင်းမှု များပြားခဲ့၍ အခြေအနေများ ဆိုးဝါးခဲ့ပြီး တောင်မြင့် လမ်းများတွင် သွားလာရ ခက်ခဲစေခဲ့ပါသည်။ နှင်းများ ကျဆင်းလာပြီဖြစ်၍ နှင်းလျော စီးချင်သူများ အတွက်အထူး အဆင်ပြေလျက် ရှိပါသည်။ ဂျာမနီ မိုးလေဝသ ပညာရှင်များ၏ ခန့်မှန်းချက်များအရ ပုံမှန်မဟုတ်သည့် နှင်းကျဆင်းမှုများ ဖြစ်ပေါ်နိုင်ကြောင်း လမ်းသွားလာမှုနှင့် ယာဉ်မောင်းနှင်မှုများကို အထူးသတိထားရန် ဆော်ဩခဲ့ပါသည်။ နှင်းများစွာ ကျဆင်းခဲ့မှုကြောင့် ပြင်သစ်နိုင်ငံ အဲ့ပ်စ်တောင်တန်း များရှိရာ နှင်းလျောစီး အပန်းဖြေစခန်းတွင် တစ်ညလုံး နှင်းကျဆင်းခဲ့ပြီး ကားမောင်းသမား (၁)သောင်းခွဲခန့်ကို အရေးပေါ် ကူညီကယ်ဆယ် ခဲ့ရကြောင်း သိရပါသည်။ အားလပ်ရက် အပန်းဖြေ စခန်းလာ သူများကို မြို့ပေါင်း(၁၂)မြို့တွင် ကယ်ဆယ် ပေးခဲ့ရကြောင်း သိရှိရပါသည်။  

No comments:

Post a Comment