Monday, December 29, 2014

တရုတ်နိုင်ငံ ဂျီလင်းပြည်နယ်ရှိ ချာဂန် ရေကန်ကြီးတွင် ရေခဲပြင်ထက် ငါးဖမ်းပွဲ ဆင်နွှဲ

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဂျီလင်းပြည်နယ်ရှိ အေးခဲနေသော ချာဂန် ရေကန်ကြီးတွင် ငါးဖမ်းသမားများစွာ စုဝေးခဲ့ကြပြီး ကောက်ရိတ်သိမ်းချိန် ကံကောင်းခြင်းများ ရရှိစေရန် မျှော်လင့်ချက် တစ်ရပ်အဖြစ် ရည်ရွယ်ကာ ရေခဲပြင်ထက် ငါးဖမ်းခြင်းပွဲကို တစ်ပျော်တစ်ပါး ဆင်နွှဲခဲ့ကြကြောင်း သိရပါသည်။ ကန်ရေပြင်ထက် ရေများခဲလေ့ရှိသည့် (၂)လတာအတွင်းတွင် ငါးဖမ်းပွဲ ကျင်းပလေ့ရှိပြီး ခရီးသွား ဧည့်သည်များကို အမြဲလိုစွဲဆောင် နိုင်ခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဘိုးဘေးများ ငါးဖမ်းသည့် နည်းကိုသာ အသုံးပြုပြီး ရှည်လျားလှသည့် ငါးဖမ်းပိုက်ကြီးကို ရေခဲပြင်ထက်တွင် အပေါက်ဖောက်ပြီးမှ ရေထဲချကာ ဆွဲယူဖမ်းဆီး သောနည်း ဖြစ်ပါသည်။ ချာဂန်ဆိုတာ မွန်ဂိုလို မြင့်မြတ်သော ရေကန်ကြီး ဖြစ်ပါသည်။ တရုတ်နိုင်ငံတွင်းရှိ ရေချိုကန်များအနက် တစ်ခုဖြစ်ပြီး ငါးပုစွန်အမျိုးပေါင်း (၇၀)ကျော်ခန့် နေထိုင်ကျက်စား ကြသည့်ရေကန် ဖြစ်ပါသည်။ ဖမ်းမိသည့် ငါးထဲက အကြီးဆုံးငါးကို လေလံပစ်ခဲ့ ရာတွင် ဒေါ်လာ (၆)ထောင်ထိ ရရှိခဲ့ကြောင်း သိရှိရပါသည်။  

No comments:

Post a Comment