ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင်
ဒီဇင်ဘာလ(၁)ရက်နေ့မှ (၅)ရက်နေ့အထိ ပြုလုပ်သည့် ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ
အစည်းအဝေး တက်ရောက်ရန်နှင့် ဇီဝလက်နက် တားဆီးပိတ်ပင်ရေး စာချုပ်အား မြန်မာနိုင်ငံမှ
အတည်ပြု လက်မှတ်ရေးထိုးထားသည့် စာချုပ်အား စာချုပ်ထိန်းသိမ်းသူများထံ ပေးအပ်ရန် ဂျီနီဗာမြို့သို့
ရောက်ရှိနေသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်သည် ဒီဇင်ဘာလ(၁)ရက်
နံနက်(၉)နာရီခွဲတွင် ကုလသမဂ္ဂ အဆောက်အဦရှိ အခန်းအမှတ် (၁၀)၌ ဇီဝလက်နက် တားဆီးပိတ်ပင်ရေး
စာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြု လက်မှတ်ရေးထိုးထားသည့် စာချုပ်အား စာချုပ်ထိန်းသိမ်းသည့်
နိုင်ငံများဖြစ်သော ရုရှားဖယ်ဒရေးရှင်း၊ ယူနိုက်တက်ကင်းဒမ်း အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်များထံသို့
ဇီဝလက်နက်တားဆီး ပိတ်ပင်ရေးစာချုပ် အဖွဲ့ဝင်နိုင်ငံများ အစည်းအဝေး၏ သဘာပတိဖြစ်သူ ဆွစ်ဇာလန်နိုင်ငံ
လက်နက် ဖျက်သိမ်းရေးဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး အုစ် ရှမစ်ဒ်၏ ရှေ့မှောက်၌
ပေးအပ်ခဲ့ပါသည်။
No comments:
Post a Comment