မြန်မာနိုင်ငံ၏ စက်မှုလုပ်ငန်းခွင် ဆက်ဆံရေး
တိုးတက်ကောင်းမွန်စေရန်နှင့် ကြုံတွေ့နေရသည့် အခက်အခဲ အတားအဆီးများနှင့် ကွာဟချက်များအပေါ်
ကျော်လွှားနိုင်စေရန် ဒေသတွင်းနှင့် နိုင်ငံတကာ စက်မှုလုပ်ငန်းခွင် ဆက်ဆံရေး ကျွမ်းကျင်ပညာရှင်
များ၏ အမြင်များ၊ အတွေ့အကြုံများ မျှဝေခြင်းဖြင့် အေးချမ်းသာယာသည့် စက်မှုလုပ်ငန်းခွင်
ဆက်ဆံရေးတစ်ရပ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာစေရန် ရည်ရွယ်လျက် အလုပ်သမား၊ အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (အိုင်အယ်လ်အို)နှင့်
(Sydney Southeast Asia Center, the University of Sydney) တို့ ပူးပေါင်း၍ ရန်ကုန်မြို့၊ ဆူးလေ
ရှန်ဂရီလာဟိုတယ်၌ ဒီဇင်ဘာလ(၁)ရက် နံနက်(၉)နာရီခွဲတွင် နှိုင်းယှဉ်လေ့လာခြင်း၊ အမြင်အားဖြင့်
မြန်မာ့စက်မှု လုပ်ငန်းခွင် ဆက်ဆံရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ရာ အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က အမှာစကားပြောကြားခဲ့ပါသည်။
No comments:
Post a Comment