သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဗိုလ်ချုပ်သန်းထွန်းဦး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၂၉ ရက်တွင် ရှမ်းပြည်နယ် မိုင်းဆတ်မြို့ အစည်းအဝေးခန်းမ၌ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီနှင့် တာဝန်ရှိ သူများအား တွေ့ဆုံ၍ အုပ်ချုပ်ရေး တာဝန်ရှိသူများသည် ဒေသခံပြည်သူ များ၏ လက်တွေ့ တွေ့ကြုံခံစားနေသည့် အခြေအနေမှန်များကို ကိုယ်ချင်း စာစိတ်ဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရန်အတွက် ရှိရင်းသဘာဝအရင်းအမြစ်များနှင့် လူ့စွမ်းအား အရင်းအမြစ် များကို ပေါင်းစပ်၍ တိုးတက်ဆောင်ရွက်သွား ကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့် အဖွဲ့သည် နိုဝင်ဘာ ၂၇ ရက်မှ ၃ဝ ရက် အထိ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ခရိုင်/မြို့နယ်များ၊ မိုင်းလားအထူးဒေသနှင့် 'ဝ'ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ တိုင်း(ပန်ဆန်း)ဒေသများ၌ နယ်မြေ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment