ပြန်ကြားရေးဝန်ကြီးဌာန
ဦးစီးဌာနနှင့် လုပ်ငန်းများရှိ ဝန်ထမ်းများ အင်္ဂလိပ်စာ အရည်အသွေး တိုးတက် လာစေရေး ရည်ရွယ်၍
ပြန်ကြားရေးဝန်ကြီးဌာနနှင့် အမေရိကန်သံရုံးတို့ ပူးပေါင်း၍ အခြေခံ အင်္ဂလိပ်စာ သင်တန်းဖွင့်ပွဲ
အခမ်း အနားကို ဒီဇင်ဘာလ (၁)ရက် နံနံက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး
ဦးစီးဌာန သင်တန်း ခန်းမ၌ ကျင်းပရာ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်
တက်ရောက် အမှာစကား ပြောကြား ခဲ့ပါသည်။ အခမ်းအနားသို့ အမေရိကန်ပြည်ထောင်စုမှ
အင်္ဂလိပ်စာ နည်းပြပါမောက္ခ Ms.Kelly Vassar၊ ဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ ဝန်ကြီးရုံး၊
မြန်မာ့အ သံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ သတင်းနှင့်
စာနယ်ဇင်း လုပ်ငန်း၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေး လုပ်ငန်းနှင့် မြန်မာ့ ရုပ်ရှင်မြှင့်တင်ရေး
ဦးစီးဌာနတို့မှ သင်တန်းသား/ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ရက်သတ္တပတ်
(၃)ပတ် ကြာမြင့် မည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment