၂၀၁၃ ခုနှစ်အတွက်
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ နောက်ခံ တေးဂီတဆု၊ အမျိုးသမီး ဇာတ်ပို့ဆု၊ အမျိုးသား
ဇာတ်ပို့ဆု၊ အမျိုးသမီး ဇာတ်ဆောင်ဆု၊ အမျိုးသား ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု စုစုပေါင်း(၆)ဆုကို
ရွေးချယ်ချီးမြှင့် ပေးအပ်ခဲ့ပြီ ဖြစ်ပါသည်။ အဆိုပါ ထူးချွန်ဆု ရရှိသူများအား ထပ်ဆင့်
ဂုဏ်ပြုချီးမြှင့်တဲ့ ညစာစားပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၂၈)ရက်နေ့က တာမွေမြို့နယ်ရှိ Sky Star ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားကို
ပြန်ကြားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးပိုက်ထွေးနှင့်ဇနီး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ
တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များနဲ့ သတင်းမီဒီယာ သမားများ တက်ရောက်ခဲ့ကြပါသည်။
No comments:
Post a Comment