Monday, December 29, 2014

ပေကျင်း-ဟောင်ကောင် အမြန်နှုန်းမြင့် မီးရထားလမ်းတည်ဆောက်မှုပြီးစီး၍ စတင်စမ်းသပ် မောင်းနှင်လျက်ရှိ

ပေကျင်း-ဟောင်ကောင် အမြန်နှုန်းမြင့် မီးရထားလမ်းတည်ဆောက်မှုသည် ပြီးစီးသွားပြီဖြစ်ပြီး ၄င်းမီးရထားလမ်းပိုင်းပေါ်ရှိ (၆၂၃၆)မီတာ ရှည်လျားသည့် ရှန်ကျန်း-ယိထျန်းဥမင် လှိုဏ်ခေါင်း အတွင်းတွင်ဒီဇင်ဘာလ ၂၉ရက်နေ့ကစမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရပါသည်။ ဘေဂျင်း-ဟောင်ကောင် မြန်နှုန်းမြင့် မီးရထားလမ်းပိုင်းသည် ပေကျင်းဘူတာရုံနှင့် ဟောင်ကောင်ရှိ အနောက်ကောင်းလွန်းဘူတာရုံတို့နှင့် နောက်ဆုံးတွင်ချိတ်ဆက်မှာဖြစ်ပါသည်။ ၄င်းမီးရထား ဥမင်လှိုဏ်ခေါင်းဟာ (၁၄.၈)မီတာ ကျယ်ဝန်းပြီး (၁၂.၁၃)မီတာ မြင့်မားကာ မြေအောက်(၇၀)မီတာ အနက်မှာရှိပါသည်။ ၄င်းမီးရထားလမ်းပိုင်း စီမံကိန်းအား (၂၀၁၇)ခုနှစ်မှာ ဖွင့်လှစ်မှာဖြစ်ပြီး တရုတ်နိုင်ငံ၏ ကုန်းတွင်းပိုင်းမြို့များမှ ဟောင်ကောင်သို့ သွားရာတွင် ခရီးသည်များအတွက် အချိန်တစ်ဝက် သက်သာစေမယ်ဟု မျှော်လင့်ရပါသည်။ ဖူတင်မီးရထား ဘူတာရုံသည်လည်း ဆောက်လုပ်နေဆဲဖြစ်ပြီး ၄င်းသည် ရှန်ကျန်းမြို့ကို ဖြတ်ပြီး ဟောင်ကောင်နှင့် ဂွမ်ဂျိုးကို ချိန်ဆက်ပေးမှာ ဖြစ်ပြီး ခရီးသည်များ မြန်နှုန်းမြင့်မီးရထားများ ဘတ်စ်ကားများ တက္ကဆီကားများနှင့်သွားလာရန်လည်းအဆင်ပြေစေပါသည်။ ၄င်းဖူတင်မြေအောက် မြန်နှုန်းမြင့်မီးရထားဘူတာရုံသည်အာရှတွင် အကြီးဆုံးဖြစ်ပြီး (၁)သိန်း(၄)သောင်းစတုရန်းမီတာ ကျယ်ဝန်းကြောင်း သိရှိရပါသည်။

No comments:

Post a Comment