Tuesday, December 2, 2014

မြန်မာ့အသံ(ရေဒီယို)မှ ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်နိုင်ရေးကို ရည်ရွယ်သည့် ရေဒီယိုဇာတ်လမ်းတွဲ အစီအစဉ် ထုတ်လွှင့်မည်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် အများပြည်သူ ဝန်ဆောင်မှု ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်း (Public Service Broadcasting) အဖြစ်သို့ ပြောင်းလဲလျက် ရှိရာမှာ (BBC Media Action) အပါအဝင် နိုင်ငံတကာ ရုပ်သံလွှင့်ဌာန များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်း လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ မတူကွဲပြားမှုများအကြား ပဋိပက္ခကို ရှောင်ရှားပြီး ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်နိုင်ရေးကို ရည်ရွယ်သည့် ရေဒီယိုဇာတ်လမ်းတွဲ အစီအစဉ်ကို မြန်မာ့အသံ(ရေဒီယို)နှင့် (BBC Media Action) တို့ ပူးပေါင်းထုတ်လွှင့်သွားမှာ ဖြစ်ပါသည်။ အဆိုပါဇာတ်လမ်းတွဲကို ရေဒီယိုဇာတ်လမ်းတွဲ ထုတ်လုပ်မှုဆိုင်ရာ နိုင်ငံတကာ ဆုတံဆိပ်များစွာ ရရှိထားသည့် အင်္ဂလန်နိုင်ငံသူ မီးစ် ဖီယိုနာ လက်ဒ်ဂွန် က တာဝန်ခံ ထုတ်လုပ်မှာဖြစ်ပြီး မြန်မာနိုင်ငံမှ အသံသရုပ်ဆောင်သစ် များဖြင့် ဖွဲ့စည်းထုတ်လုပ်သွားရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ ဇာတ်လမ်းတွဲ တစ်ပိုင်းလျှင် (၁၅)မိနစ်စီ ကြာမြင့်ပြီး အပိုင်း(၂၆)ပိုင်းဖြင့် ထုတ်လုပ်မယ့် အဆိုပါ ရေဒီယိုအသံလွှင့် ဇာတ်လမ်းတွဲကို ၂၀၁၅ ခုနှစ် မေလဆန်းမှ စတင်ကာ မြန်မာ့အသံ(ရေဒီယို) အစီအစဉ်မှ (၆)လကြာမျှ အပတ်စဉ် အစီအစဉ်အဖြစ် ထုတ်လွှင့်သွားရန် စီစဉ်လျှက်ရှိပါသည်။  

No comments:

Post a Comment