နိုင်ငံတော် သမ္မတ၏ ပညာတော်သင်ဆု အရည်အချင်းစစ်
စာမေးပွဲကို ဒီဇင်ဘာလ (၆)ရက်နေ့မှ (၁၂)ရက်နေ့အတွင်း မြို့ကြီး(၆)မြို့ရှိ စာစစ်ဌာန
(၁၀)ခုမှာ မနက်(၉)နာရီခွဲမှ မွန်းလွဲ(၁)နာရီ အထိ ကျင်းပမှာဖြစ်ပြီး (အက်ပ်တစ် တက်စ်)
ဖြေဆိုနည်းကို မနက်(၈)နာရီခွဲမှာ ရှင်းပြပေးမှာ ဖြစ်ပါသည်။ စာစစ်ဌာန ပြောင်းလဲဖြေဆိုခွင့်
ရရှိသူများအပါအဝင် စာဖြေသူများ၏ အမည်၊ ခုံအမှတ်၊ စာစစ်ဌာန၊ ဖြေဆိုရမည့် နေ့ရက်တို့ကို
ပညာရေးဝန်ကြီးဌာန ဝဘ်ဆိုဒ်ဖြစ်သည့် (တတတ.ာပညောမေ-နိကခအေငသည.နိက-ာ) နှင့် ပြန်ကြားရေး
ဝန်ကြီးဌာန ဝဘ်ဆိုဒ်ဖြစ်သည့် (တတတ.ာသင.ါသလ.ာ) တို့မှာ ထုတ်ပြန်ကြေညာ ထားပါသည်။ ဖြေဆိုသူများ
စာစစ်ဌာနများသို့ သွားလာရေး အဆင်ပြေစေရန် အတွက် စာမေးပွဲ ဖြေဆိုသည့် နေ့ရက်များမှာ
စာစစ်ဌာနတည်ရှိရာ မြို့ကြီးများမှာ စုရပ်နေရာများမှ သတ်မှတ်ချိန်မှာ ကြို/ပို့ယာဉ်များဖြင့်
အခမဲ့ ပို့ဆောင်ပေးမှာ ဖြစ်ပါသည်။ ရန်ကုန်မြို့ရှိ စာစစ်ဌာနဖြစ်သည့် ရန်ကုန်ကွန်ပျူတာ
တက္ကသိုလ် (ရွှေပြည်သာ)၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် (ဗဟန်းနယ်မြေ) နှင့် အမျိုးသား စီမံခန့်ခွဲမှုပညာ
ကောလိပ်တို့မှာ ဖြေဆိုမဲ့သူများက နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးများသို့
ဒီဇင်ဘာလ (၄)ရပ်နေ့ နောက်ဆုံးထားပြီး ဆက်သွယ် စာရင်းပေးရန်၊ မန္တလေးမြို့ရှိ စာစစ်ဌာနဖြစ်သည့်
မန္တလေး တက္ကသိုလ်မှာ ဖြေဆိုမဲ့သူများက ဗထူးကွင်းရှေ့မှာ မနက်(၇)နာရီခွဲမှာ လည်းကောင်း၊
မန္တလေးကွန်ပျူတာ တက္ကသိုလ် (ဒဟတ်တော)မှာ ဖြေဆိုမဲ့သူများက၊ ဗထူးကွင်းရှေ့မှာ မနက်(၆)နာရီခွဲမှာ
လည်းကောင်း၊ ကွန်ပျူတာ တက္ကသိုလ် (မန္တလေး) (တအုံ)မှာ ဖြေဆိုမဲ့သူများက ဗထူးကွင်းရှေ့မှာ
မနက်(၆)နာရီခွဲမှာ လည်းကောင်း၊ မော်လမြိုင်မြို့ရှိ စာစစ်ဌာနဖြစ်သည့် မော်လမြိုင်တက္ကသိုလ်မှာ
ဖြေဆိုမဲ့သူများက မောရဝတီ မုဒ်ဦးရှေ့မှာ မနက်(၇)နာရီခွဲမှာ လည်းကောင်း၊ အ.ထ.က(၆) မုဒ်ဦးရှေ့မှာ
မနက်(၇)နာရီခွဲမှာ လည်းကောင်း၊ မကွေးမြို့ရှိ စာစစ်ဌာနဖြစ်သည့် ကွန်ပျူတာ တက္ကသိုလ်
(မကွေး)မှာ ဖြေဆိုမဲ့သူများက အဝေရာလမ်းနှင့် ပြည်တော်သာ လမ်းထောင့်မှာ မနက်(၇)နာရီခွဲမှာ
လည်းကောင်း၊ ဝင်းသူဇာဆိုင်ရှေ့၊ ဗိုလ်ချုပ်လမ်းနှင့် ပြည်တော်သာလမ်းထောင့်မှာ မနက်(၇)နာရီခွဲမှာ
လည်းကောင်း၊ မုံရွာမြို့ရှိ စာစစ်ဌာနဖြစ်သည့် ကွန်ပျူတာ တက္ကသိုလ် (မုံရွာ)မှာ ဖြေဆိုမဲ့သူများက
မုံရွာတက္ကသိုလ် ရှေ့မှာ မနက်(၇)နာရီခွဲမှာ လည်းကောင်း၊ တောင်ကြီးမြို့ရှိ စာစစ်ဌာနဖြစ်သည့်
ကွန်ပျူတာ တက္ကသိုလ် (တောင်ကြီး)မှာ ဖြေဆိုမဲ့သူများက၊ ကမ္ဘောဇဘဏ်ရှေ့မှာ မနက်(၇)နာရီခွဲ
အချိန်တို့မှာ အခမဲ့ပို့ဆောင်ပေးမှာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment