Monday, December 29, 2014

သင်္ဘောကုန်းပတ် အောက်ခြေပိုင်းတွင် မီးလောင်မှုဖြစ်ပွားနေသည့် အီတလီကူးတို့ သင်္ဘောမှ ခရီးသည်များအား ကယ်ဆယ်

မနေ့က မနက်အစောပိုင်းက သင်္ဘောကုန်းပတ် အောက်ခြေပိုင်းတွင် မီးလောင်မှုကြောင့် အီတလီကူးတို့ သင်္ဘော၏ နော်မန် အတ်တလန်းတစ်ပေါ်တွင် နာရီပေါင်း (၁၂)နာရီကြာ သောင်တင်နေသည့် ခရီးသည်များကို ကယ်ဆယ်ရန် ပြင်ဆင်နေရဆဲ ဖြစ်ပါသည်။ လိုက်ပါလာသည့် ခရီးသည် (၄၇၈)ဦးကို မီးများကနေ ကင်းလွတ်မည့် အမြင့်ပိုင်းကို တဖြည်းဖြည်း ရွေ့စေခဲ့ပြီး လေပြင်းများ တိုက်နေသည့်ကြားက အီတလီနှင့် ဂရိရဟတ် ယာဉ်များက ကယ်ဆယ်ပေးနေခြင်း ဖြစ်ပါသည်။ ခရီးသည် အများစုက ဂျာမနီ၊ အီတလီနှင့် ပြင်သစ်တို့မှ ဖြစ်ပြီး သတင်းကောင်း အနေနှင့် လူပေါင်း (၁၆၅)ဦးကို ကယ်တင်ပြီဖြစ်ကာ သတင်းဆိုးက ဂရိလူမျိုးတစ်ဦး သေဆုံးခဲ့တာပဲ ဖြစ်ပါသည်။ မီးလောင်နေသည့် သင်္ဘောပေါ်က ခရီးသည် နှစ်ဦး၊သုံးဦးကို အန္တရာယ် အခြေအနေ ကြားကနေပဲ ရဟတ်ယာဉ်များက အနီးအနားရှိ ရေယာဉ်ပေါ်သို့ ပို့ဆောင်ပေး လျက်ရှိကာ မီးလောင်ရခြင်း အကြောင်းအရင်း ကို မသိရှိရသေးကြောင်း သိရှိရပါသည်။  

No comments:

Post a Comment