Monday, December 29, 2014

အင်ဒိုနီးရှား နိုင်ငံဂျာဗား ပင်လယ်အတွင်း ပျက်ကျခဲ့သည်ဟု ယူဆရသည့် အင်ဒိုနီးရှား အဲအေးရှားလေယာဉ်အား ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိ

အင်ဒိုနီးရှား နိုင်ငံဂျာဗား ပင်လယ်အတွင်း ပျက်ကျခဲ့သည်ဟု ယူဆရသည့်ပျောက်ဆုံး လေယာဉ်ပေါ်တွင် လူပေါင်း(၁၆၂)ဦး လိုက်ပါသွားပြီး၊ ဒီကနေ့ဆိုလျှင် ပျောက်ဆုံးနေသည်မှာ (၂)ရက်မြောက်ရှိပြီ ဖြစ်ပါသည်။ အင်ဒိုနီးရှား အဲအေးရှားလေယာဉ် ခရီးစဉ်အမှတ် ဇက်ကျူ (အိတ်ဖိုက်အိုဝမ်း) အဲဘတ်စ်-အေ (၃၂၀)-(၂၀ဝ)သည် ဆူရာဗာယားမှ စင်္ကာပူကိုအသွား ရာသီဥတု ဆိုးဝါးမှုကြောင့် လေယာဉ်မှူးသည် လမ်းကြောင်းပြောင်း မောင်းနှင်ရန် တောင်းဆိုခဲ့ကြောင်းနှင့် သတင်းပို့ပြီးနောက် (၅)မိနစ်အကြာတွင် လေယာဉ်အချက်ပြမှု ပျောက်သွားခဲ့တာ ဖြစ်ပါသည်။ လေယာဉ်ပေါ်တွင် အင်ဒိုနီးရှား (၁၅၅)ယောက်၊ တောင်ကိုရီးယား (၃)ယောက်၊ စင်္ကာပူ၊ မလေးရှားနှင့် ဗြိတိန် တစ်ဦးစီနှင့် လက်ထောက် လေယာဉ်မှူးက ပြင်သစ်လူမျိုး ဖြစ်ပါသည်။ စင်္ကာပူနှင့် ဩစတြေးလျမှ လေယာဉ်နှင့် ရေယာဉ်များ စေလွှတ်၍ ရှာဖွေရန် လုပ်ဆောင် နေကြောင်းနှင့် အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့ကလဲ ပါဝင်ကူညီကြဖွယ် ရှိပါသည်။ အင်ဒိုနီးရှား ပို့ဆောင်ရေး ဝန်ကြီးဌာနသည် လေယာဉ် ပျောက်ဆုံးမှုအတွက် အခြားသော အဖွဲ့များစွာနှင့် ဆက်သွယ်ပူးပေါင်း၍ ရှာဖွေမှု လုပ်ငန်းများကို စတင်နေပြီဟု ဆိုပါသည်။ ရှာဖွေကယ်ဆယ် ရေးဌာန အကြီးအကဲဖြစ်သူက (လေယာဉ်ကို ရှာဖွေရန်က ပထမ ဦးစားပေးပါ။ ဖြစ်နိုင်သမျှ အဖွဲ့တွေ နိုင်ငံတွေနှင့် ချိတ်ဆက် လုပ်ဆောင်ပါမယ်။ ပြင်သစ်က ထုတ်လုပ်သူ အဲအေးရှားနှင့် မလေးရှားက အဖွဲ့တွေလဲ ပါပါမယ်။ ဒါ့အပြင် ပျောက်ဆုံး ခရီးသည်တွေရဲ့ နိုင်ငံကလည်း ပါပါမယ်။)ဟု ပြောကြားခဲ့ပါသည်။ ရှာဖွေမှုများကို အထူးသဖြင့် ဘော်နီယို ကျွန်းပေါ်ရှိ အနောက်ကာလီ မန်တန်နှင့် ဘန်ကာတို့တွင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment