Monday, December 29, 2014

အီတလီနိုင်ငံ အက်ဒရီယာတစ် ကမ်းခြေအလွန်တွင် ကုန်တင်သင်္ဘော (၂)စီး တိုက်မိ

အီတလီနိုင်ငံ အက်ဒရီယာတစ် ကမ်းခြေအလွန်တွင် ကုန်တင်သင်္ဘော (၂) စီး တိုက်မိမှုကြောင့် လူ(၂)ဦး ရေနစ်သေဆုံးပြီး (၄) ဦး ပျောက်ဆုံး နေကြောင်း သိရပါသည်။ ကုန်သင်္ဘောကြီး၏ အလံကို မမြင်ခဲ့သည့် အတွက် တူရကီကုန်တင် သင်္ဘောငယ်သည် တိုက်မိမိချင်းတွင်ပဲ နစ်မြှုပ်သွား ခဲ့ရကြောင်း အီတလီ ကမ်းခြေစောင့်တပ်မှ ပြောကြားခဲ့ပါသည်။ တူရကီ သင်္ဘောမှ သင်္ဘောသား (၁၁)ဦးမှ (၄)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ပျောက်ဆုံးနေဆဲ တူရကီ သင်္ဘောသား များကိုဆက်လက် ရှာဖွေပေးနေကြောင်း ရက်ဗီးနား မြို့တော်ဝန်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။


No comments:

Post a Comment