Monday, December 29, 2014

မလေးရှားတွင် မိုးများရွာသွန်း မှုကြောင့် ရေကြီးခဲ့၍ လူ(၁၀)ဦး သေဆုံး

မိုးများရွာသွန်း မှုကြောင့် မလေးရှားတွင် ရေကြီးခဲ့ပြီး လူ(၁၀)ဦး သေဆုံးခဲ့ကာ လူပေါင်း (၁) သိန်း (၆) သောင်းခန့်သည် နေအိမ်များကို စွန့်ခွာခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပြီး ဒါသည် (၁၀)နှစ်ကျော် ကာလအတွင်းတွင် အဆိုးဝါးဆုံး ရေကြီးမှုနှင့် ကြုံတွေ့နေရတာလဲ ဖြစ်ပါသည်။ အပျက်အဆီး အများဆုံးမှာ မလေးကျွန်းဆွယ် အရှေ့မြောက်ပိုင်းရှိ ကီလန်တန်တွင် ဖြစ်ပါသည်။ မလေးဝန်ကြီးချုပ် နာဂျစ်ရာဇတ်သည် သည်ဝါအီက ပြန်ရောက်ရောက် ချင်းတွင်ပဲ အဆိုးဝါးဆုံး နေရာများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။ ရေကြီးခဲ့သည့် နေရာများက ဒုက္ခသည် များအတွက် ရင်းဂစ်သန်း(၅၀ဝ) သုံးစွဲပြီး ကူညီပေးသွားရန်လဲ ပြောကြားခဲ့ပါသည်။ ရေကြီးမှုကြောင့် လမ်းများပျက်စီးပြီး ကယ်ဆယ်ရေး များအတွက်လဲ နှောင့်နှေးစေကာ မီးရထားပြေးဆွဲမှု များကိုလဲ ရပ်ဆိုင်းထား ရပါသည်။ ထိုင်းတောင်ပိုင်းနှင့် ထိစပ်နေသည့် နယ်စပ်တွင် ဒီဇင်ဘာ လလယ်တုန်းက ရေကြီးမှုကြောင့် မလေးရှား(၁၄)ဦး သေဆုံးခဲ့ဖူးကာ နှစ်စဉ်အရှေ့မြောက် မုတ်သုံ ရာသီတိုင်းတွင် မလေးရှား အရှေ့မြောက်ပိုင်းနှင့် ထိုင်းနိုင်ငံ တောင်ပိုင်းတို့တွင် ရေကြီးတတ်ပေမည့်လဲ အခုလို ဆိုးဆိုးဝါးဝါး မဖြစ်ခဲ့ဖူးပါဘူး။ မိုးများသည် နောက်တစ်ပတ် ကြာသည်ထိ ရွာသွန်းနေနိုင်ပြီး နောက်(၂)ရက် လောက်နေမှ ရေများကျသွားမှသာ (၂)နိုင်ငံနယ်စပ်ကို ပြန်ဖွင့်မည်ဟု သိရှိရပါသည်။  

No comments:

Post a Comment